SEARCHING SITE (ရှာရှာဖွေဖွေ)

Monday, November 2, 2009

ကဗျာ

.. ကဗျာ ..

ဒီနေ့ တစ်နေကုန်....

မိုးတွေရွာနေတယ်...

သူမလာမှန်း သိပေမယ့်...

သတိရလွန်းလို့...

လာနိုးနိုးနဲ့...

ချောင်းချောင်း ကြည့်နေမိတယ်...

လွမ်းတယ်ဟာ...။
..................................


.. စိတ်ကူးတည့်တည့် ရဲ့အကြောင်း ..

တစ်ခါတစ်လေ မနှိုးထတက်တဲ့
အိမ်မက်တွေ စီးနှင်ကြရင်း …
ဘ၀ အမောတွေ ပြေပျောက်ဖို့
လူတွေ ဆုတောင်းကြတယ် ……
အငတ်မပြေတဲ့ သံသရာထဲ
ဆာလောင်စွာ သောက်သုံးရင်း
ဝမ်းတွင်းမီးတွေ
တောက်လောင်လိုက်ကြရင်း…….
လောင်ကျွမ်းလိုက်ကြရင်း…..
ခန္ဓာအရှင်သခင်
စိတ်အသွင်ဖော်ဆောင်ရင်း
အခွံအထပ်ထပ်ပိတ်ဖုံးမှုတွေ ….
အတိပြီးတဲ့ ဒီဘ၀ အောက်
အကျည်းခွံ တွေ အထပ်ထပ်
ရမ္မက်မီးခိုးတွေကို
ရှုက်သွင်းမိလေတိုင်းပေါ့ …..
ဘာမှမရှိတဲ့နောက်
ဘာမှဖြစ်တဲ့နောက်
ဘာမှမတွေ့တဲ့နောက်
ဘာမှမဟုတ်တဲ့ ၀ိဥာဉ်တွေနောက်
တကောက်ကောက်
ဘာကိုလိုချင်မိပါလိမ့် …..
အတိအကျမသိတဲ့ ဦင်္းတည်ရာကို
ရှာဖွေရင်း
အတိအကျမသိတဲ့ တစ်နေရာရာမှာ
နားခိုဖို့ စဉ်းစားထားတယ် ….
အတိအကျတော့ မဟုတ်ဘူးပေါ့…….
စိတ်ကူးတည့်ရာ …
တကယ့်ကို စိတ်ကူးတည့်ရာပါပဲ ….
စိတ်ကူးရဲ့ တည့်တည့်ကိုပေါ့ ….
ဘာအကြောင်းရာလဲဆိုတာတော့
စိတ်ကူးရဲ့ တည့်တည့်ကြည့်မှပဲ
သိတော့မှာပဲလေ …

စိတ်ကူးတည့်ရာ

…………..

…….
..................................


.. တစ်ခါက မရှိခဲ့တဲ့ ဒိုင်ယာရီ ..

အစားထိုးခံလိုက်ရတဲ့
ပုံပြင်အတုတွေကြောင့်
ငါ့ ရဲ့ ရင်ဘတ်ထဲမှာ အဆုံးစ မရှိတဲ့
အချစ်တုတွေ
အဖြည့်ခံခဲ့ရတယ် ….
တစ်ချိန်ချိန်ဆိုတာ
တစ်ခါတစ်လေလောက
မသေချာခဲ့ရင်
ငါ အဖြစ်ချင်ဆုံးက
မာယာတွေမပါတဲ့
ညှို့ချက်ပြင်းတွေပဲ ..
အလွဲသုံးစားခံလိုက်ရတဲ့
နှလုံးသားကို
တိတ်တဆိတ် နှုတ်ဆက်သွားခဲ့တဲ့
ကျောပြင်ကို ..
နားလည်မှုတွေ ပေးခဲ့ရတယ် ….
အချိန်ဆိုတာ လုံလောက်တဲ့
ကုစားမှု မရှိရင်
မနက်ဖြန်တိုင်းမှာ ငါ မင်းကို
လွမ်းနေမယ် …
သေချာပါတယ် …
မာယာများတဲ့ ရနံ့တွေကို
ငါရှိုက်မိခဲ့တာပါ ……
ရစ်မူးမိတယ် ….
သာယာမိတယ် ….
တမ်းတနေမိတယ် …
နောက် … ရူးသွပ်ခဲ့ရတယ် ….
တော်လောက်ပါပြီ …….
ပွဲသိမ်းခံလိုက်ရတဲ့ ဒဏ်ရာတွေနဲ့
ငါ ရဲ့ ဘ၀ မှာ အမှတ်တရ အဖြစ်
သိမ်းထားလိုက်ပါ့မယ် ….
ငါ မရှုံးပါဘူး …
ဘာကြောင့်လဲ ဆိုတော့
အချစ်ဆိုတာ
လူတစ်ယောက်ပေါ်
တကယ်ချစ်ခဲ့တယ်ဆိုရင်
အနိုင်အရှုံးဆိုတာ မရှိခဲ့လို့ပဲ …. ငါ
သတ်မှတ်ထားတယ် ....
နင်ထွက်သွားပါတော့ …
ငါ့ နှလုံးသားထဲက ထာဝရ
ဖြစ်ဖြစ်ပေါ့ ………
နှုတ်ဆက်ခဲ့ပါတယ် .. ချစ်သူ …
ငါတို့နှစ်ယောက်အတွက်
အတိတ်ဆို ထားခဲ့လို့မရတဲ့
ခြေရာတစ်စုံပါပဲ …………. ။ ။

..................................


.. အိပ်မက်ဆန်တဲ့ အတွေးတိမ် ..

နေရာဟောင်းတွေ တိတ်ဆိတ်
ရင်ခုန်သံတွေ အငွေ့ပျံသွားတဲ့ ဆောင်းမနက်တော့
မဟုတ်လောက်ဘူး ……


ဒါပေမယ့် ….. အေးတယ် …..
ငါ မျှော်လင့်တဲ့ နေမင်းဝါ ကို နှုတ်ဆက် ဖို့
ငါမျက်လုံးတွေကို ပိတ်ပစ်မယ်…..……..

ငါ့ အိပ်မက်တွေ ငိုကြတယ် ……
ဒီ ရာသီထဲက လွတ်မြောက်ဖို့ အတွက်ပဲ …….
စတေးပစ်ခဲ့ရတဲ့ ငါ့ ကံကြမ္မာကို သောက်သုံးဖို့
နင်လေ နှိုးထခဲ့တာလား ဒါလီ …..♥

တွန့်ကြေတော့မယ် အင်္ကျီဟောင်းထဲက
မင်းအငွေ့အသက်တွေကို ငါ နှမြောမိတယ် ..
မျက်ရည်တို့ ရဲ့ ရဲရင့်မှုကို မင်းအသိမှတ်ပြုတယ်ဆိုရင်
ငါ့ ပါးပြင်ပေါ်ကို စီးကျခွင့်ပြုပါ ……..
` ငါ နင့်ကို သိပ် ချစ်တယ် ´

ကမ္ဘာကြီးက နားဖျားနေမယ်ဆိုရင်တောင်
ကိုယ် မင်းအတွက် အသက်ရှင် ကျန်ရစ်ရင်း
ကမ္ဘာပျက်တေးသွားကို ကြိုဆိုနေမှာပါ …

ဒါဟာ မိုက်မဲခြင်းလား ငါမသိဘူး
သူရူးတစ်ယောက်မဖြစ်ချင်တဲ့ ငါ့အတွက်တော့
မာန ဆိုတာကို အတ္တ နဲ့ မပေါင်းချင်တော့ပါဘူး ……..
လွတ်လပ်မှု အတွက် ကောင်းကင်ကို
မော့ကြည့်မယ် ….. ။

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home